၇
ပုံပန်းသွင်ပြင်
၇
| အီဂျစ်ရုပ်ပုံစာရေးထုံးကုဒ်ဖြင့် ဖော်ပြထားသောအမည် | Z1*Z1*Z1*Z1:Z1*Z1*Z1 |
|---|---|
| နောက်ဂဏန်း | ၆ |
| ရှေ့ဂဏန်း | ၈ |
| သုတ်ခွဲကိန်း | ၇ |
| သင်္ချာဆိုင်ရာ ပြောင်းပြန်တန်ဖိုး | −7, ⅐ |
| မျက်မမြင် သင်္ကေတ | ⠻ |
၇ (အသံထွက်-ခွန်)သည် မြန်မာဘာသာတွင် သင်္ချာဘာသာသင်ကြားရာတွင် အသုံးပြုပြီး သင်္ချာဂဏန်းအက္ခရာတစ်ခုဖြစ်သည်။ သက်တံ့တွင် ရောင်စဉ် ၇ မျိုး ရှိသည်။ ကံကောင်းသော ဂဏန်းအဖြစ် တိုင်းပြည်အတော်များများတွင် မှတ်ယူကြသည်။
အယူအဆများ
[ပြင်ဆင်ရန်]တရုတ်လူမျိုးတို့သည် မိဘ ကွယ်လွန်သောအခါ ဝမ်းနည်းပူဆွေးခြင်း အထိမ်းအမှတ် ဝတ်စုံနက်များ (ရှောက်ဖူ) ကို ၇ ထပ်ကိန်း အဖြစ် ၄၉ ရက် ဝတ်ဆင်လေ့ ရှိပြီး၊ ၄၉ ရက်လွန်သော် အထက်အင်္ကျီ အဖြူ၊ အောက် လုံချည်၊ ဘောင်းဘီ အနက် ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ကြသည်။ တရုတ်လူမျိုးတို့က ဒွါရ ခြောက်ပေါက်မဟုတ်ဘဲ မျက်စိ ၂ ပေါက်၊ နား ၂ ပေါက်၊ နှာခေါင်း ၂ ပေါက်၊ ပါးစပ် ၁ ပေါက်ဖြင့် ဒွါရ ၇ ပေါက်ဟု ရေတွက်သည်။ [၁]